မှိုပွင့်များ

အဆုံးသတ်မှမရှိရင် အစတွေဟာ အဓိပ္ပါယ်ရှိပါ့ဦးမလား?   ပျက်သုဉ်းခြင်းရဲ့ကတိကဝတ်မှမရှိရင် တည်ရှိခြင်းတွေဟာ ဘာကိုသ‌င်္ကေတပြုနေဦးမလဲ?   သေဆုံးခြင်းမှမရှိရင် ရှင်သန်ခြင်းတွေကို ကျွန်မတို့ တန်ဖိုးထားကြဦးမလား?   တဝုန်းဝုန်းနဲ့ အသက်နဲ့အိုးစာကွဲရလောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့ မိုးသံလေသံတွေ ပယ်ပျောက်သွားတဲ့အချိန် ကျွန်မ အိမ်နောက်ဖေးကို ခဏထွက်လာခဲ့မိတယ် ခြံထောင့်ကသစ်ပင်ကြီးဟာ မုန်တိုင်းအတောအတွင်း မြေကြီးကနေအမြစ်ဆွဲနှုတ်ကျွတ်ထွက်ရလောက်အောင် ယမ်းခါနေခဲ့တဲ့သူမဟုတ်သယောင် တည်တည်ငြိမ်ငြိမ်နဲ့ ကျွန်မကိုငုံ့ကြည့်နေတယ် သစ်ရွယ်ငယ်တွေမှာ ခိုသီးနေတဲ့မိုးရေစက်တွေကသာလျှင် သက်သေအဖြစ် မော်ကြည့်မိတဲ့ကျွန်မမျက်နှာပေါ်ခုန်ချလာကြတယ် ဒါပေမဲ့လည်း သူတို့တွေဟာ မုန်တိုင်းရဲ့မိုးစက်ဆိုတာ လက်ဆုပ်လက်ကိုင်ပြလို့မရအောင် ခဏနေ ပျောက်ပျက်သွားကြပါဦးမယ်   ဘယ်နေရာမှာ မုန်တိုင်းခိုနေခဲ့မှန်းမသိရတဲ့ငှက်ငယ်ကလေးတွေကလည်း အစာပြန်ရှာထွက်ဖို့ တတီတီတတာတာမြည်တွန်နေကြပြန်တယ် သူတို့ရဲ့‌ ရေစိုကောင်းစိုနေမယ်ဖြစ်တဲ့ အမွေးအတောင်တွေဟာလည်း ခဏနေခြောက်သွေ့သွားကြဦးမယ်ဖြစ်တယ် လွန်ခဲ့သောနာရီပိုင်းလေးတင်ကမှ ကမ္ဘာပျက်နေပုံသဖွယ် ဩကာသလောကကြီးဟာ သူမဟုတ်သလို ငြိမ်သက်တည်ရှိနေပြန်တယ် မုန်တိုင်းရဲ့အရိပ်အယောင်ဆိုလို့ ဖိနပ်မစီးထားတဲ့ကျွန်မရဲ့ခြေဖဝါးအောက်က စိုစွတ်နေတဲ့ မြေသားရယ်၊ စာလုံးတွေနဲ့ရေးသားဖော်ပြခြင်းမပြနိူင်တဲ့၊ … Continue reading မှိုပွင့်များ