မိမိကိုယ်ကိုပိုင်စိုးမှုနှင့် မင်းမဲ့သဘောတရားများဆိုင်ရာမှတ်စုများ

အန်ဒရီယာအက်လာကရန် (Andrea Alakran) မူရင်းရေးသားပြီး မခြင်္သေ့ဘာသာပြန်သည်။ မူရင်းဆောင်းပါးကို စာရေးသူ၏ medium blog တွင် ၂၀၁၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ပြီး ဖိလစ်ပိုင်ကျွန်းစုတွင်လက်ရှိနေထိုင်နေကြသူများနှင့် အခြားအရပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချသူကျွန်းသားမင်းမဲ့သမားများနှင့် လစ်ဘာတေးရီးရန်း (Libertarian) သမားများ၏ အရေးအသားအတွေးအခေါ်များကို စုစည်းတင်ပြသော ဘန်ဒီလန်အီတမ် (Bandilang Itim/အလံနက်) blog တွင် ၂၀၂၀ ခုနှစ်တွင်ပြန်လည်ဖော်ပြခဲ့သည်။ မူရင်းစာရေးသူသည် ဖိလစ်ပိုင်နိူင်ငံမှအမေရိကန်နိူင်ငံသို့ ရွှေ့ပြောင်းအခြေချသူတစ်ဦးဖြစ်သည်။ ဘန်ဒီလန်အီတမ် (သို့) အလံနက်သည် ဖိလစ်ပိုင်ကျွန်းစုများမှ မင်းမဲ့အတွေးအခေါ်အယူအဆများနှင့် လစ်ဘာတေးရီးရန်းဆိုရှယ်လစ်အယူအဆအတွေးအခေါ်များကို ပိုမိုခွန်အားကောင်းလာအောင် ထောက်ပံ့ပေးနေသောရပ်ဝန်းတစ်ခုဖြစ်သည်။ မူရင်းဆောင်းပါးကို ဤလင့်ခ် (သို့) ဤလင့်ခ် တွင်ဝင်ရောက်ဖတ်ရှုနိူင်သည်။ ဤဆောင်းပါးနှင့်ပတ်သက်ပြီး ဘာသာပြန်မှတ်ချက်များစွာကို ဤဘာသာပြန်နှင့်အတူရေးသားဖော်ပြရန် နေရာမလုံလောက်သည်အတွက် ထိုမှတ်ချက်များကိုသုံးသပ်ချက်ဆောင်းပါးအနေဖြင့်သီးသန့်ရေးသားရန် စိတ်ကူးထားပါသည်။ အရေးကြီးသောဝေါဟာရများနှင့် မှတ်ချက်များ Autonomism – မိမိကိုယ်ကိုပိုင်စိုးရေးသဘောတရား။ … Continue reading မိမိကိုယ်ကိုပိုင်စိုးမှုနှင့် မင်းမဲ့သဘောတရားများဆိုင်ရာမှတ်စုများ