တော်လှန်ရေး”အတွက်”လေ့လာခြင်း

မနေ့က ဆရာစောကပီ Facebook ပေါ်မှာရေးထားတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး လေ့လာကြတဲ့ အကြောင်းကို သဘောကျလို့ ပြန် အကျယ်ချဲ့ အတွေးပွားချင်တယ် (မူရင်း ပို့စ်ကို အောက်မှာ လင့်ခ် ထည့်ပေးထားပါတယ်)   အဓိက အာဘော်ကတော့ တော်လှန်ရေးလုပ်သူတွေဟာလည်း လေ့လာမှုဆက်လုပ်ဖို့ လိုအပ်နေတယ် ဒါပေမဲ့ လေ့လာ‌တာဟာ တော်လှန်ရေး “ကို” လေ့လာမဲ့အစား တော်လှန်ရေး “အတွက်” လေ့လာတာ ဖြစ်ရမယ်လို့ ကျွန်မ သဘောပေါက်မိတယ် (emphasis တွေကတော့ ကျွန်မဘာသာ ထပ်ထည့်ထားတာပါ)   ဒီအာဘော်ကို ကျွန်မ ဘာကြောင့် သဘောကျမိသလဲဆိုတော့ တော်လှန်ရေးဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြန်လည်အာခံမှု၊ ပြန်လည်တိုက်ခိုက်ခုခံမှုတင်မကပဲ အသိပညာပိုင်းဆိုင်ရာတွေပါ လိုအပ်နေတယ်လို့ ယူဆရလို့ပဲ အာဏာသိမ်းပြီး အခု နှစ်နဲ့ကြာလာတဲ့အခါမှာ တောထဲ/နယ်စပ်ထွက်ပြီး လက်နက်ကိုင်တိုက်ကြတဲ့သူတွေအပြင် … Continue reading တော်လှန်ရေး”အတွက်”လေ့လာခြင်း